
မာဖီးယားဒေါက်တာမလေး လာပါ😘
မင်းသမီး Kim Ji Won နဲ့အတူ ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ Medical, Thriller, Mystery ကားသစ်လေး
အဖြူရောင် ဂျူတီကုတ်အင်္ကျီတွေ လှုပ်ရှားနေတဲ့ ဆေးရုံကြီးတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ထုတွေ၊ ရက်စက်တဲ့ အာဏာလုပွဲတွေကို ဖုံးကွယ်ထားကြသလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Medical Thriller ဇာတ်လမ်းတွဲသစ်ဟာ Happy မှာ ရောက်ရှိလို့ လာပါပြီ။
လူတိုင်းအတွက် အသက်ကယ်ရာဖြစ်ရမယ့် ဆေးရုံအဆောက်အအုံကြီးဟာ အာဏာနဲ့ အမြတ်အစွန်းတွေ ရှာဖွေရာ ကစားကွင်းကြီး ဖြစ်လာတဲ့အခါ...။ ဆေးပညာလောကရဲ့ မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကို ရဲရဲဝံ့ဝံ့ စိန်ခေါ်မယ့် ပါရမီရှင် ခွဲစိတ်ဆရာဝန်မလေး ဂယ်ဆူဂျောင်း (Kim Ji-Won) ဟာ ဆရာဝန်ရှာဖွေရေး အေဂျင်စီပိုင်ရှင် ဂျန်ဟီးဆု (Lee Jung-Eun) ရဲ့ မိတ်ဆက်ပေးမှုနဲ့အတူ ဂူဆော တက္ကသိုလ် ဆေးရုံကြီးဆီ ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ တန်ဖိုးကို ပြိုင်ဘက်ကင်းတဲ့ ခွဲစိတ်မှု စွမ်းရည်တွေနဲ့အတူ ဆေးရုံတွင်း ဖုံးကွယ်နေတဲ့ စနစ်ဆိုးကြီးကို ထိထိမိမိ စတင်ဖောက်ထုတ်ရင်းနဲ့ ပြသခဲ့ပါတယ်။
အသက်ကို ကယ်တင်ရမယ့် နေရာမှာ အာဏာစက်တွေနဲ့ မာဖီးယားဆန်ဆန် ခြယ်လှယ်နေကြတဲ့ အဖြူရောင်ဝတ်ရုံခြုံ မိစ္ဆာဆန်တဲ့ လူသားတွေကို ဘယ်လိုမျိုး အမိဖမ်းပြီး အမှန်တရားကို ဖော်ထုတ်သွားမလဲဆိုတာ Doctor X: Mafia in White မှာ စောင့်ကြည့်လိုက်ကြပါစို့။
ဇာတ်ကားကြည့်ရန် channel အရင် join ပါ👇
https://t.me/+NTq1gV72kokyMTE1
ပြီးမှဇာတ်ကားလင့်ကိုနှိပ်ပါ👇
https://t.me/c/3392753353/199









